ယခင်က ကျွန်တော်များ ဓမ္မာလောက ဗုဒ္မဘာသာ အသင်းမှ ဖိတ်စာများ၊ ဓမ္မစာပေများ၊ သတင်းများကို ပုံမှန် Email ကိုအသုံးပြု၍ ဓမ္မမိတ်ဆွေများထံ ဖြန့်ဝေမှုပြုခဲ့ပါသည်။ ထိုသို့ဖြန့်ဝေရာတွင် ဓမ္မမိတ်ဆွေများ၏ Email လိပ်စာများအားလုံးကို စုပေါင်း၍ အသုံးပြုရခြင်းကြောင့် လွယ်ကူမှုရှိသော်လည်း အားနည်းချက်များ ရှိနေပါသေးသည်။
(ဥပမာ-မလိုလားအပ်သော Spam Mail, Junk Mail များ ရရှိရန် အခွင့်အလမ်းပိုများပါသည်၊ လက်ခံရရှိသူအားလုံးမှ Email လိပ်စာများအားလုံးကို သိရှိနေမှုကြောင့် လုံခြုံမှုအားနည်းပါသည်။)
ထိုကြောင့် ပိုမိုကောင်းမွန်သော Mailing List ပြုလုပ်၍ ဖြန့်ဝေရန် စဉ်းစားခဲ့ကြပြီး ယခုဆိုလျှင် ဓမ္မမိတ်ဆွေများ၏ Email လိပ်စာများကို DBSUSA Website ပေါ်တွင် လွယ်ကူစွာ (Subscribe) မှတ်ပုံတင်၍ အသင်းမှ ဖိတ်စာများ၊ ဓမ္မစာပေများ၊ သတင်းများကို လက်ခံရရှိနိုင်ပါသည်။
ထိုသို့ Subcribe ပြုလုပ်ခြင်းကြောင့်-
(၁) ပို့သူ DBSUSA.ORG နှင့် လက်ခံရယူသူ တို့၏ Email လိပ်စာ နှစ်ခုတည်းသာ Email တွင်ပါရှိမည် ဖြစ်ပါသည်၊
(၂) အသင်း၏ Mailing List တွင် မှတ်ပုံတင်ခြင်း၊ ပြန်ဖျက်ခြင်း (Subcribe & Unsubscribe) ကို Website ပေါ်တွင် အချိန်မရွေးပြုလုပ်နိုင်ပါသည်၊
(၃) Website ပေါ်တွင် အသစ်တင်ရှိသော အကြောင်းအရာများကို အလိုအလျောက် ချက်ခြင်း လက်ခံရရှိမည် ဖြစ်သောကြောင့် Website တွင်လာရောက် ရှာဖွေနေစရာ အချိန်မကုန်တော့ပါ၊
(၄) ကျောင်းတွင် ပြုလုပ်သော တရားပွဲများ၊ လူမှုရေးပွဲ ဖိတ်စာများကို အချိန်မီ ရရှိနိုင်ပါမည်။
Instruction (Website ပေါ်တွင် မှတ်ပုံတင်နည်း)
(၁) Email လိပ်စာ မှန်ကန်စွာဖြည့်၍ (Subscribe) ကို နှိပ်ပါ၊
(၂) သင့်၏ Email တွင် Welcome Email တစ်စောင် အလိုအလျောက်လက်ခံရရှိနေပါလိမ့်မည်၊ ထို Email ကိုဖွင့်၍ ပါရှိသော Confirmation Link ကို click နှိပ်၍ Confirm လုပ်ပါ၊
(၃) ယခုဆိုလျှင် ဖိတ်စာများ၊ Post အသစ်များကို အလိုအလျောက် လက်ခံရရှိပါလိမ့်မည်၊
Note: အချို့ဓမ္မမိတ်ဆွေများ၏ Email လိပ်စာများကို ကျွန်တော်များ၏ Mailing List တွင်ထည့်ရှိပြီးဖြစ်ပါသည်၊ မိမိ Email ၏ Inbox ကိုဖွင့်၍ DBSUSA မှ Welcome Letter ကိုရှာပြီး Confirm ပြုလုပ်ရန်သာ လိုအပ်ပါသည်။ မတွေ့ပါက အထက်ဖေါ်ပြပါနည်း အတိုင်း Subscribe လုပ်ပါ၊
ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းဖြင့်ပြည့်စုံကြပါစေ၊
DBSUSA.ORG
April 24th, 2010 at 11:00 pm
this is so convenience. thank you
April 25th, 2010 at 6:10 pm
Better. Thanks.
April 25th, 2010 at 8:14 pm
I WISH , WILL BE BETTER THAN BEFORE .
March 5th, 2011 at 1:52 pm
သာဓု သာဓု သာဓု